စာကြည့်တိုက်ဆိုင်ရာ လမ်းညွှန်ချက်နှင့် စည်းကမ်းချက်များ
ချစ်ခင်ရပါသော ကျောင်းသား၊ ကျောင်းသူများခင်ဗျာ၊ UCSH စာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းအသုံးပြုရာတွင် စနစ်တကျရှိစေရန်နှင့် အခြားသူများလည်း အခွင့်အရေးရရှိစေရန်အတွက် အောက်ပါစည်းကမ်းချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တစ်ဦးလျှင် စာအုပ် 5 အုပ်အထိ ငှားရမ်းနိုင်ပါသည်။ စာအုပ်အသစ်များ မငှားရမ်းမီ မိမိလက်ဝယ်ရှိ စာအုပ်များကို အချိန်မီ ပြန်လည်အပ်နှံပေးရန် လိုအပ်ပါသည်။
ငှားရမ်းထားသော စာအုပ်များကို 7 ရက်အတွင်း အချိန်မီ ပြန်လည်အပ်နှံရမည်။
သတ်မှတ်ရက်ကျော်လွန်ပါက စာအုပ်တစ်အုပ်လျှင် တစ်ရက်အတွက် 100 ကျပ်နှုန်းဖြင့် နောက်ကျကြေး ပေးဆောင်ရမည်။
စာအုပ်များကို ဘွတ်ကင်တင်ထားပါက 24 နာရီအတွင်း စာကြည့်တိုက်သို့ လာရောက်ထုတ်ယူရမည်။ အဆိုပါအချိန်ကျော်လွန်ပါက ဘွတ်ကင်မှာ အလိုလို ပယ်ဖျက်ခံရမည်ဖြစ်သည်။